ယူကရိန်း ပြဿနာက ပလာစတာလေးကပ်လိုက်ရုံနဲ့ ပျောက်သွားမဲ့ ရောဂါမဟုတ်ဘူးလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်း ပြဿနာက ပလာစတာလေးကပ်လိုက်ရုံနဲ့ ပျောက်သွားမဲ့ ရောဂါမဟုတ်ဘူးလို့ ဆို


နိုဝင်ဘာ - ၁၂ ( ကြာသပတေးနေ့ ) 

ယူအေအီး က အဘူဒါဘီမှာ ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ကြား ဒုတိယမြောက်နေ့ ဆွေးနွေးပွဲတွေ အပြီးမှာ တချို့နိုင်ငံတွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေဘဲ ပြည့်စုံပြီး တရားမျှတတဲ့ ဥရောပလုံခြုံရေး စနစ်သစ်တစ်ခု ဥရောပအတွက် လိုအပ်နေတယ်လို့ ရုရှားသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ဗလာဒီမာ မီဒင်စကီးက ပြောလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မော်စကိုရဲ့ အဓိကညှိနှိုင်းရေးမှူးက ဥရောပလုံခြုံရေးကိစ္စက ဆွေးနွေးပွဲရဲ့ “အဓိက အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာ” ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့ အချို့သော ကိစ္စရပ်တွေမှာတော့ ဘုံသဘောတူညီချက်တွေ ရရှိခဲ့ကြပြီး အချို့အချက်တွေမှာတော့ သဘောထားကွဲလွဲမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို အပြန်အလှန် ဖလှယ်ခဲ့ကြတယ်။ အချို့အချက်တွေမှာတော့ အပြန်အလှန် နားလည်မှုရခဲ့ပြီး အချို့အချက်တွေမှာတော့ မရသေးပါဘူး။ ဒီဆွေးနွေးပွဲကတော့ ဆက်လက်ဖြစ်မြောက်သွားမှာ သေချာပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ဒါ့အပြင် ညှိနှိုင်းရေးမှူးတွေဟာ အတိုင်းအတာကြီးမားတဲ့ အကျဉ်းသားလဲလှယ်ရေးအသစ်နဲ့ ပတ်သက်ပြီး သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်းနဲ့ အသေးစိတ်အချက်အလက်တွေကို မကြာမီ ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း မီဒင်စကီးက ကြေညာခဲ့ပါတယ်။ ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တွေ အနေနဲ့ ဆွေးနွေးပွဲတွေ အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေကို အထူးပြု ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဥရောပရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ရုရှားဘက်က ၂၀၀၈ ခုနှစ်တုန်းကအပြင် ၂၀၂၁ ခုနှစ်မှာလည်း အမေရိကန်၊ နေတိုး (NATO) နဲ့ ဥရောပနိုင်ငံတွေဆီ တင်ပြခဲ့တဲ့ စာရွက်စာတမ်းတွေ အပါအဝင် ဥရောပလုံခြုံရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် အပြောင်းအလဲလုပ်ဖို့ အဆိုပြုခဲ့ဖူးကြောင်း ယူကရိန်းပဋိပက္ခကတော့ ပိုမိုကျယ်ပြန့်တဲ့ စနစ်ကြီးရဲ့ အားနည်းချက်တွေကို ပေါ်လွင်စေခဲ့တာပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ပြောရမယ်ဆိုရင် တစ်ကိုယ်လုံး ဖျားနာနေတာ၊ ယူကရိန်းဆိုတာက အနာပေါက်ကွဲထွက်လာတဲ့ နေရာလေးတစ်ခုပါပဲ။ ဒါကြောင့် တစ်ကိုယ်လုံးကို ကုသဖို့လိုပါတယ်။ ပလာစတာလေး အုပ်လိုက်ရုံနဲ့တော့ မပြီးပါဘူး” လို့ သူက ပြောခဲ့ပါတယ်။

ဥရောပအစိုးရတွေရဲ့ ဆွေးနွေးညှိနှိုင်းရာမှာ ပါဝင်ခွင့်တောင်းဆိုချက်တွေကိုတော့ မီဒင်စကီးက ပယ်ချခဲ့ပြီး ရုရှားကိုယ်စားလှယ်အဖွဲ့အနေနဲ့ အဘူဒါဘီမှာ သူတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာလည်း မရှိသလို တွေ့ဆုံဖို့ အချိန်ဇယားဆွဲထားတာလည်း မရှိဘူးလို့ ဆိုပါတယ်။ ဥရောပနိုင်ငံအချို့ရဲ့ ခေါင်းဆောင်တွေဟာ “ယူကရိန်းပြည်သူတွေကို စုပေါင်းလိမ်လည်လှည့်ဖြားနေမှု” တွေမှာ ပါဝင်နေတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

“သူတို့က စစ်ဖြစ်နေတဲ့ နှစ်ဖက်အနက် တစ်ဖက်ကို ငွေကြေးထောက်ပံ့ပေးတယ်၊ လက်နက်တွေ တပ်ဆင်ပေးတယ်။ အဲဒါက တကယ်တမ်းကျတော့ အရပ်သားတွေ အများအပြား သေဆုံးရတဲ့ဘက် ကနေ ပါဝင်အားပေးနေတာပါပဲ။ ဒါကြောင့် သူတို့နဲ့ ဘာတွေများ ဆွေးနွေးစရာ ရှိသေးလဲဆိုတာကို ကျနော်တို့ တကယ်ကို နားမလည်နိုင်ပါဘူး” လို့ သူက ပြောခဲ့ပါတယ်။


REF: RT

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)