ဗုံးတွေ အကြီးအကျယ်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ ဥရောပနိုင်ငံတွေ ကျောင်းပိတ်ထားရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုံးတွေ အကြီးအကျယ်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ ဥရောပနိုင်ငံတွေ ကျောင်းပိတ်ထားရ


နိုဝင်ဘာ - ၁၂ ( ကြာသပတေးနေ့ ) 

ဗုဒ္ဓဟူးနေ့က ဗြိတိန်၊ အီတလီနဲ့ အိုင်ယာလန်နိုင်ငံတွေက ကျောင်းတွေမှာ ဗုံးခွဲမယ့်လို့ ခြိမ်းခြောက်မှုတွေ ရုတ်တရက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့လို့ ကျောင်းတွေကို လူစုခွဲပေးခဲ့ရပြီး လုပ်ငန်းစဉ်တွေလည်း အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။

မြောက်အိုင်ယာလန်က ကျောင်းပေါင်း ၃၀၀ ကျော်နဲ့ စကော့တလန်က ကျောင်းပေါင်း အနည်းဆုံး ၄၇၀ ကျော်တို့ဟာ ခြိမ်းခြောက်အီးမေးလ်တွေ လက်ခံရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီသတင်းစကားတွေဟာ လိမ်ညာခြိမ်းခြောက်မှုတွေသာ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့ (PSNI) ရဲ့ ပြောကြားချက်အရ အီးမေးလ်တွေဟာ ယူကေနိုင်ငံပြင်ပကနေ ပေးပို့လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာတော့ ပြည်သူတွေအတွက် အန္တရာယ်ရှိနိုင်ခြေ နည်းပါးတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်” လို့ PSNI ရဲ့ လက်ထောက် ရဲချုပ် အန်ထိုနီ မက်နယ်လီ  က ပြောပါတယ်။

အီတလီနိုင်ငံမှာတော့ ကျောင်းပေါင်း ၆,၃၀၀ ကျော် ဗုံးခြိမ်းခြောက်ခံခဲ့ရပြီး မြောက်ပိုင်း အေမီလီယာ-ရိုမာညာ ဒေသ အပါအဝင် နေရာအများအပြားမှာ ကျောင်းတွေ လူစုခွဲတာနဲ့ ပိတ်တာတွေ လုပ်ဆောင်ခဲ့ရကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

အဲဒီအီးမေးလ်ကို ထိုင်ဝမ်က ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်တဲ့ ဒါယာတက္ကသိုလ်ရဲ့ ကွန်ပြူတာတွေ ဟက်ကာဖောက်ထွင်းခံထားရတဲ့ အကောင့်တစ်ခုကနေ ပို့ခဲ့တာဖြစ်ပါတယ်။ အဲဒီစာမှာ “ဗလာယက် အော့ဖ် မီဆိုဂီနီစတန်” ရဲ့ ခေါင်းဆောင် မီခေးလ် အန်ဒရိုပေါ့ဗ် ” ဆိုပြီး လက်မှတ်ရေးထိုးထားပြီး အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကို ခြိမ်းခြောက်ထားတဲ့ စာသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“အမည်မသိ အီးမေးလ်တစ်စောင်ကြောင့် ကျမတို့ ကလေးတွေရဲ့ ကျောင်းချိန်ဇယားကို ဆုံးဖြတ်ခွင့် ကျမတို့ ပေးမှာ မဟုတ်ပါဘူး” လို့ မယ်လိုနီက ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဘက်က အဲဒီဆိုက်ဘာတိုက်ခိုက်မှုအတွက် အီရန်ကို အပြစ်တင်ခဲ့ပေမဲ့ တီဟီရန်ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘပ်စ် အာရာချီ ကတော့ ပြင်သစ်အစိုးရဟာ “သူတို့ရဲ့ မအောင်မြင်မှုတွေအတွက် အပြစ်ပုံချစရာနေရာကို အခြားသူတွေဆီ ပုံချနေတယ်” လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။


REF: RT

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)