ပုဇွန်တောင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အယ်လ်နီညိုရာသီဥတု ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အယ်လ်နီညိုရာသီဥတု ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ










ပုဇွန်တောင်၊ နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ရေကျော် စျေးနှင့်ရေကျော်  City Mark တို့တွင်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် အယ်လ်နီညိုရာသီ ဥတုကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀:၃၀ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဦး ဦးဆောင်၍ အဖွဲ့ဝင် ဦးမင်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူနှင့်ဝန်ထမ်း များ၊   မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်သန်းဌေးနှင်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်း နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရေကျော်စျေးနှင့်ရေကျော် City Mark အတွင်း မီးသတ်ရေလှောင်ကန်နှင့် မီးသတ်ပိုက်များအား စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး များစစ်ဆေးခြင်း၊ လျှပ်စစ်မီတာများနှင့် မီးကြိုးများစစ်ဆေးခြင်းများ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။  

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး  ဦးကျော်သန်းဌေး ဦးဆောင်သည့်  တပ်ဖွဲ့ဝင်များက စျေးသူ / ဈေးသားများအား  မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာ ကွယ်ရေးနည်းလမ်းများကို ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ် ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံတို့ကို လက်တွေ့သရုပ်ပြသပြီး တက်ရောက်လာ‌သော စျေးသူ/စျေးသား များအား လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။ ထို့နောက် ရေကျော်စျေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကာလအတွင်း ကျန်းမာအောင်နေထိုင်နည်း၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများအား ကြိုတင် ကာကွယ်ရေးနည်းလမ်းများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။


စုယဉ်ချစ်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)