နိုဝင်ဘာ - ၈ ( တနင်္ဂနွေနေ့ )
သောကြာနေ့ကစပြီး အာရှစတော့ရှယ်ယာဈေးကွက်တွေ ထိုးကျသွားခဲ့ပါတယ်။ ဒါဟာ ဝေါလ်စထရိ မှာ နည်းပညာကုမ္ပဏီမှာ ရှယ်ယာတွေ အစုလိုက်အပြုံလိုက် ရောင်းချခဲ့ရတာကြောင့် အဓိကရှယ်ယာ ညွှန်းကိန်းတွေ ပြုတ်ကျခဲ့ပြီး တောင်ကိုရီးယားမှာ အရောင်းအဝယ်လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းလိုက်ရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။
ဒီမတည်ငြိမ်မှုတွေဟာ ကြာသပတေးနေ့က ဝေါလ်စထရိမှာ စတင်ခဲ့တာဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရည်မှန်းချက်ကြီးတဲ့ AI ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို ဒီမိုကရက်တစ်ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရမှုတွေက အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ရှယ်ယာတွေကို အပြုံလိုက် ရောင်းချမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်နဲ့ ဆီးနိတ် လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုမဲကို ရရှိခဲ့ပြီး ကွန်ဂရက်လွှတ်တော် ထိန်းချုပ်မှုကို ရီပတ်ဗလကန်ပါတီလက်ထဲကနေ လုယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပညာရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် အခွန်ဆိုင်ရာ မက်လုံးတွေကို ကြာမြင့်စွာ ပေးအပ်ခဲ့တဲ့ ပြည်နယ်နှစ်ခုဖြစ်တဲ့ တက္ကဆပ်နဲ့ ဂျော်ဂျီယာတို့မှာ ဒေတာစင်တာအသစ်တွေ တည်ဆောက်မှုကို ဆန့်ကျင်ပြီး မဲဆွယ်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေကပါ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့ကြပါတယ်။
အမေရိကန်ဒေတာစင်တာ စုစုပေါင်းပမာဏရဲ့ ၄၀ ရာခိုင်နှုန်းခန့် တည်ဆောက်ဖို့ရှိတဲ့ ပြည်နယ်တွေမှာ အသစ်တက်လာတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ တည်ဆောက်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ သို့မဟုတ် ခေတ္တရပ်နားထားဖို့ ကတိပြုခဲ့ကြတယ်လို့ အေအိုင်အပေါ် ရင်နှီးမြုပ်နှံမှု ရပ်ဆိုင်သလိုဖြစ်သွားခဲ့တာပါ။
အဲဒီ တုန်လှုပ်ချောက်ချားမှုတွေက အာရှဒေသဆီကို အမြန်နှုန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အာရှမှာဆိုရင် တောင်ကိုရီးယားရဲ့ ကော့စပီ အညွှန်းကိန်းဟာ အရောင်းအဝယ်စတင်ချိန်မှာတင် ၈.၈ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး၊ စိုးရိမ်လွန်ပြီး အပြုံလိုက်ရောင်းချတာတွေကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ အလိုအလျောက် မိနစ် ၂၀ ကြာ အရောင်းအဝယ်ရပ်ဆိုင်းမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ နစ်ကေး ၂၂၅ ကလည်း ၆ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားခဲ့ပြီး၊ ထိုင်ဝမ်ရဲ့ တိုင်အက်စ် ကတော့ ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။
ဒီဈေးကွက်ပြိုကျမှုဟာ အာရှရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီအချို့ကို၊ အထူးသဖြင့် အေအိုင် အရှိန်အဟုန်ကြောင့် အကျိုးအမြတ်ရရှိခဲ့ကြတဲ့ ချစ်ပ်ပြား ထုတ်လုပ်သူတွေကို ရိုက်ခတ်ခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဆမ်ဆောင်း အီလက်ထရောနစ် နဲ့ အက်စ်ကေ ဟိုင်းနစ် တို့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ထိုင်ဝမ် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေး ကုမ္ပဏီ (TSMC) ရဲ့ ရှယ်ယာတွေလည်း အပြင်းအထန် ကျဆင်းခဲ့ပါတယ်။
"ဒါဟာ ဈေးကွက်ကို ပြင်ဆင်ချိန် ရောက်လာတာဖြစ်ပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် မှာတော့ အလွန်အမင်း တုံ့ပြန်မိကြတာတွေ ရှိနိုင်တယ်လို့ ကျနော်တို့ ခံစားရပါတယ်" လို့ ဆိုးလ်မြို့အခြေစိုက် ကမ္ဘာ့ဘောဂဗေဒင် အင်စတီကျု ဥက္ကဋ္ဌ ဂျွန်ကွမ်းဝူ က ဆိုပါတယ်။
ဘီလျံနာများ အညွှန်းကိန်းအရ ဒီဈေးကွက်ပြိုကျမှုကြောင့် အာရှရဲ့ အချမ်းသာဆုံး နည်းပညာ ဘီလျံနာ ၂၂ ဦးရဲ့ ပေါင်းစပ်ဥစ္စာဓနထဲကနေ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ဆုံးရှုံးသွားခဲ့ရပါတယ်။ ဆော့ဖ်ဘဏ် တည်ထောင်သူ မာဆာယိုရှီ ဆွန် က ဒေါ်လာ ၃.၉ ဘီလျံနဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံခဲ့ရပြီး၊ ဆမ်ဆောင်းရဲ့ ပိုင်ရှင်မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုလည်း ဒေါ်လာ ၂.၅ ဘီလျံဝန်းကျင် ကျဆင်းသွားခဲ့ပါတယ်။
REF: RT
#News #Myanmar


No comments:
Post a Comment