တာချီလိတ်မြို့၌ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေး



တာချီလိတ် ၊  နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်စေရန်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က လွှတ်တော်ဆိုင်ရာဗဟုသုတများနှင့် ဆောင်ရွက်နေသည့်အခန်းကဏ္ဍများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများနှင့် လွှတ်တော်တွင်တင်သွင်းမေးမြန်းထားသည့်အဆိုများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းကာ လက်တွေ့ကျပြီး ထိရောက်သည့်ရလဒ်များရရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်သွားရေး အမှာစကားပြောကြားသည်။ထို့နောက် တက်ရောက်လာကြသူများက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ဒေသတွင်းလိုအပ်ချက်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို အကြံပြုရှင်းလင်းတင်ပြခဲ့ကြရာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌက တင်ပြချက်များ အပေါ်ပြန်လည်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးမှာကြားခဲ့သည်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုင်းဟွမ်နွဲ့နှင့်ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)