တနင်္သာရီတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ








ထားဝယ်၊ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ  ၁၀ ရက်နေ့နံနက်ပိုင်း က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် က ၂၀၂၆ ခုနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ပထမဆုံးအကြိမ် ပြုလုပ်သောမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အစည်းအဝေးဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းသည် လူဦးရေစာရင်း တိကျမှန်ကန်စွာ ရရှိရေးအတွက်ဖြစ်ပြီး မဲစာရင်း မှန်ကန်စွာ ပြုစုနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည့်စုံမှန်ကန်စွာ ပြုစုထားသော လူဦးရေစာရင်းသည် ဒေသတစ်ခု၏ လူဦးရေအခြေအနေ၊ လူမှု စီးပွားရေးအခြေအနေနှင့် လူဦးရေ ဖြန့်ကျက်နေထိုင်မှုအခြေအနေများကို သိရှိစေနိုင်သော အခြေခံအချက်အလက် တစ်ရပ်ဖြစ် သည့် အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း များကို အချက်အလက် များအပေါ် အခြေပြု၍ စီမံဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ စာရင်းကောက် ယူမည့် နယ်မြေများ ကြိုတင်သတ်မှတ်ခြင်း၊ အိမ်ထောင်စုနှင့်နေထိုင်သူများမကျန်ရှိစေရန်စိစစ်ခြင်း၊စာရင်းကောက်ယူရန် ကျန်ရှိသော နေရာများကို အချိန်မီ ဖော်ထုတ်ခြင်း စသည့် ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စေရန် သက်ဆိုင်ရာဌာနများ၊ မြို့နယ်အဆင့် တာဝန် ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များအကြား အပြန်အလှန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိမိတို့၏ အတွေ့အကြုံများ၊လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် လက်တွေ့ ကျသော အကြံပြုချက်များကို ပွင့်လင်းစွာ ဆွေးနွေး တင်ပြကြ ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တွဲဖက်အတွင်းရေးမှူးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့်အဖွဲ့ဝင်များကဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းများကိုရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး၊ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးမြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် က  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ကျော်လတ်

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)