ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ကျင်းပသည့် (၇၈) ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ကျင်းပသည့် (၇၈) ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားတက်ရောက်









ဖလမ်း၊ နိုဝင်ဘာ ၂

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် နိုဝင်ဘာ (၂) ရက်နေ့တွင် ဖလမ်းမြို့ ဟရန်ထီးယိုးဘောလုံးကွင်းတွင် ကျင်းပသည့် (၇၈) ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့်အတူ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားကို ဆုတောင်းခြင်းဖြင့် စတင်ကြပြီးနောက် ဒေသခံအဆိုရှင်များက တေးသီချင်းများသီဆိုဖျော်ဖြေပြီး အာကစားသမားများမှ အားကစားအဓိဌာန်ရွတ်ဆိုကြသည်။ ထို့နောက် ဒုတိယဝန်ကြီးက နှစ်သစ်ကူးအမှာစကားပြောကြားရာ “ဖလမ်းမြို့တွင် ကျင်းပသည့် (၇၈) ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ ယခုကဲ့သို့ရိုးရာပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းသည် ဒေသတွင်းအေးချမ်းတည်ငြိမ်ခြင်း၏ အသီးအပွင့်ရလဒ်ကောင်းပင်ဖြစ်ကြောင်း၊ ချင်းရိုးရာကောက်သစ်စားပွဲခေါ် ချင်းနှစ်သစ်ကူးပွဲတော်သည် နှစ်‌ဟောင်းမှအညစ်အကြေးများကို ဆေးကြောပြီး နှစ်သစ်ကိုမျှော်လင့်ချက်အသစ်များနှင့် ကြိုဆိုကြသည့် မင်္ဂလာရှိသောပွဲတော်ဖြစ်ပြီး ဒေသရဲ့ ယဥ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသသည့် ပွဲတော်ဖြစ်သကဲ့သို့ ယခုလိုရိုးရာနှစ်သစ်ကူးပွဲတော်ကြီးကို ကျင်းပနိုင်ခြင်းဖြင့် ဒေသခံပြည်သူများ၏ စည်းလုံးမှု၊ ညီညွတ်မှု၊ တစ်သွေးတစ်သားတည်းရှိမှုများကို ပီပြင်စွာမြင်တွေ့ရသည့်အတွက် အထူးပင်ဂုဏ်ယူမိကြောင်းနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူ‌ထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း ၂၀၂၆ ခုနှစ် မေလမှစတင်ပြီး ဖလမ်းမြို့ တိုးတက်စည်ကားရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရုံးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်ရေးတို့ကို အင်တိုက်အားတိုက် ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြုမှတ်တမ်းတင်ရမှာဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် ကျင်းပသည့် (၇၈) ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်မှတစ်ဆင့် ဒေသ၏ရိုးရာယဥ်ကျေးမှုများ ပိုမိုရှင်သန်တိုးတက်လာပြီး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာပါစေကြောင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်လာပါစေကြောင်း နှစ်သစ်ကူးဆုမွန်တောင်းကြောင်း” ပြောကြားသည်။

ယင်းနောက် ချင်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအား ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်မှ စပေးဘောကန်၍ ဖွင့်လှစ်ပေးပြီးနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဒေသခံများနှင့်အတူ ဘောလုံးပြိင်ပွဲကို ကြည့်ရှုအားပေးကြသည်။ ဖလမ်းမြို့တွင် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ (၂)ရက်မှ (၁၄)ရက်အထိ ကျင်းပကြမှာဖြစ်ပြီး အားကစားပြိုင်ပွဲများနှင့် စာပေနှင့် ရိုးရာဝတ်စားဆင်ယင်မှု၊ ယဥ်ကျေးမှုအကပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲအခမ်းအနားနှင့်ပွဲတော်ကို နိုဝင်ဘာ (၁၄) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)