ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ရန်ကုန်မြို၌ ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာပွဲဈေးနှင့် မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) တို့သို့ သွားရောက်ကြည့်ရှုလေ့လာ၍ လုပ်ငန်းရှင်များပြသထားသော ပစ္စည်းများကို စိတ်ဝင်စားစွာ ကြည့်ရှုအားပေးခဲ့သည်။
မြန်မာ့ရိုးရာပွဲဈေးကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပေးနိုင်ရန် ရည်ရွယ်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ထိုပွဲဈေးကို မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိသည်။
ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်သာယာ Shopping Centre တွင် မြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) ကို နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကျင်းပပေးလျက်ရှိသည်။
#News #Myanmar









No comments:
Post a Comment