ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ကြီးမှူး၍ (၁၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ကြီးမှူး၍ (၁၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ


အောင်မြေသာစံ၊ နိုဝင်ဘာ ၁၆

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်အတွင်းရှိ ဆရာတော်သံဃာတော်(၂၀၆)ပါးတို့အား ရည်မှန်းပြီး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ဦးဆောင်မှုဖြင့် မန္တလေးမြို့နေမြန်မာပြည်ဖွားတရုတ်အမျိုးသား၊ အမျိုးသမီးများ၏ (၁၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၈၀၊ ၃၁× ၃၂လမ်းကြားရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ ခင်မကန်တိုက်၊ ကထိန်တော်ကျောင်း၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတာ် ဦးပညာသီရိဘိဝံသက သီလပေးတရားနှင့် ရေစက်ချတရား နာယူကြည်ညိုကြသည်။

ထို့နောက် အရှေ့ခင်မကန်ကျောင်းတိုက်အတွင်းရှိ ဆရာတော်သံဃာတော်(၂၀၆)ပါးတို့အား ရည်မှန်းပြီး တိုက်အုပ်ဆရာတော် ဦးသုဇနထံ ကထိန်လျာဉာတ်သင်္ကန်းကို ယူနန်၊ ဖူကျင့်၊ ကွမ်းတုံ၊ လူမျိုးစု၊ တရုတ်အမျိုးသမီးရေးရာအသင်းနှင့် ကြင်းတောယန်ဗုဒ္ဓဘာသာပရဟိတအသင်းတို့မှ မန္တလေးမြို့နေ မြန်မာပြည်ဖွားတရုတ်အမျိုးသား/အမျိုးသမီးများက ဆက်ကပ်လှူဒါန်းကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတန်ဖိုး ၇၄၄ သိန်း ခြောက်သောင်းတန်ဖိုးရှိ သင်္ကန်းအစရှိသာ လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လောင်းလှူကြကြောင်း သိရသည်။


မြင့်မော်ထွန်း 

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)