နိုင်ငံတော်၏ စက်မှုစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျ ထိရောက်စွာ အထောက်အကူပြုနိုင်မည့် စက်မှုကျွမ်းကျင်လူငယ်ပညာရှင်များကို အရည်အသွေးစံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ်မွေးထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်၏ စက်မှုစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျ ထိရောက်စွာ အထောက်အကူပြုနိုင်မည့် စက်မှုကျွမ်းကျင်လူငယ်ပညာရှင်များကို အရည်အသွေးစံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ်မွေးထုတ်ပေး



နေပြည်တော်၊ နိုဝင်ဘာ ၂

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ စက်မှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျ ထိရောက်စွာအထောက်အကူပြုနိုင်မည့် စက်မှုကျွမ်းကျင်လူငယ်ပညာရှင်များကို အရည်အသွေးစံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ သင်တန်းသားများအား နိုင်ငံချစ်စိတ်ပြည့်ဝစေရေးနှင့် သင်တန်းပြီးဆုံးချိန်၌ စက်မှုကျွမ်းကျင်မှုများဖြင့် နိုင်ငံ့တာဝန်များကို တစ်တပ်တစ်အား ပါဝင်ထမ်းဆောင်နိုင်ရေး ပျိုးထောင်ပေးသွားရန်၊ သင်တန်းဆင်းလူငယ်များသည် စက်ရုံ၊ အလုပ်ရုံများ၊ MSMEs လုပ်ငန်းအသီးသီးတွင် ချက်ချင်းဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ လက်တွေ့လေ့ကျင့်မှုများကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားရန် တိုက်တွန်းမှာကြားပြီး ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ပေးအပ်သည်။

ဆက်လက်၍ သင်တန်းကျောင်း စာကြည့်တိုက်၊ စက်ပစ္စည်းအစိတ်အပိုင်းများ ခုတ်စားခြင်းနှင့် ထုတ်လုပ်ခြင်းသင်တန်းခန်းမ၊ ကွန်ပျူတာသုံး ဒီဇိုင်းထုတ်လုပ်မှုသင်တန်းခန်းမ၊ လျှပ်စစ်ပညာသည် သင်တန်းခန်းမ၊ အီလက်ထရွန်နစ်ပညာသည် သင်တန်းခန်းမနှင့် သတ္တုရည်ကျိုပညာသည် သင်တန်းခန်းမတို့ကို ကြည့်ရှုစစ်ဆေးသည်။

အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)တွင် စက်မှုကျွမ်းကျင်ဘာသာရပ် ငါးမျိုးကို စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့်လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၁)မှ အမှတ်စဉ်(၁၅)ထိ သင်တန်းဆင်း ၁၇၂၀ ကို မွေးထုတ်ပေးခဲ့ကြောင်း၊ ၉၃ ဒသမ ၆ ရာခိုင်နှုန်းခန့်ကို အလုပ်အကိုင်များရရှိအောင် ဆောက်ရွက်ပေးနိုင်ကြောင်း သိရသည်။

အဆိုပါ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်းကို အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကျော်လွန်သူ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ Grade 12 ကို အောင်မြင် ခြင်းမရှိသော်လည်း ဖြေဆိုဖူးသူများအနေဖြင့် လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)