လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြည်ပရောက်မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း FATF မှ ဆုံးဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြည်ပရောက်မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း FATF မှ ဆုံးဖြတ်


ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂၆-၁၀-၂၀၂၆ ရက်မှ ၃၀-၁၀-၂၀၂၆ ရက်အထိ ကျင်းပခဲ့သည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force-FATF)၏ မျက်နှာစုံညီအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် FATF မှ ချမှတ်ထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ(Action Plan) ၁၅ ချက် အနက် ၁၃ ချက်အား ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး FATF က အများပြည်သူသို့ ထုတ်ပြန်ကြေညာချက်အား ၃၀-၁၀-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ပြည်ပရောက် မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးသွားရန် အဖွဲ့ဝင်နိုင်ငံများသို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျန်ရှိသည့် အချက် ၂ ချက်အား ပြီးပြတ်အောင် ဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်ငွေကြေး စီးဆင်းမှုများကို ထိထိရောက်ရောက်တားဆီးရေး တိုက်တွန်းထားသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဦးဆောင်ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ FATF အဖွဲ့ဝင် နိုင်ငံကြီးများက ထောက်ခံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က သတင်းထုတ်ပြန်ထားသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)