တပ်မတော်စစ်ကြောင်းများက မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ဒေသ တစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုစခန်းများအား ထပ်မံ၍တိုက်ခိုက်သိမ်းပိုက်၊ CRPHI NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနအပါအဝင် စုစုပေါင်းစခန်း ၂၈ ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်စစ်ကြောင်းများက မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ဒေသ တစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုစခန်းများအား ထပ်မံ၍တိုက်ခိုက်သိမ်းပိုက်၊ CRPHI NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနအပါအဝင် စုစုပေါင်းစခန်း ၂၈ ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့













နေပြည်တော်၊ နိုဝင်ဘာ ၁၉ 

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းခိုအောင်း၍ အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသည့် KNU၊ KNLA အပါအဝင် CRPHI NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုခိုအောင်းနေထိုင်ရာ နေရာများအား တပ်မတော်စစ်ကြောင်းများက စနစ်တကျချီတက်တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်း ဝန်းကျင်တစ်ဝိုက်ရှိCRPHI NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာန အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီအခြေပြုစခန်း ၁၁ ခုကို တိုက်ခိုက် သိမ်းပိုက်ပြီး လက်နက်/ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများအတွင်း အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခိုအောင်းနေထိုင်နိုင်မှုမရှိစေရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ စနစ်တကျဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၉ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ထီးကလာချောင်းအနီး အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့်စခန်း ၂ ခုအား လည်းကောင်း၊ နိုဝင်ဘာလ ၁၀ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော့ထီးချောင်းအနီး KNLA တပ်မဟာ(၁)၊ ရင်း(၃) အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီ အခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၂ ခုအား လည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော့ကလောချောင်းအနီးတွင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၂ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၃ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက် ဘက် ကော့ထီးချောင်းအနီးတွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီ အခြေပြုနေထိုင်လျက် ရှိသည့် စခန်း ၂ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၅ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ကတ်ရွာအနီးတွင် အကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့်စခန်း ၁ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်ရှိ နတ်စင်ရွာနှင့် ကျောက်ဖျာ ရွာအနီးတစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များ ယာယီအခြေပြု နေထိုင်လျက်ရှိသည့် စခန်း ၃ ခုအား လည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့တောင်ဘက် ချောင်းစောက်ရွာအနီး အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ခိုအောင်းဆေးကုသနေသည့်နေရာ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၈ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများက အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်အားကိုးဖြင့် အတင်းအဓမ္မ ဝင်ရောက်၍ စစ်စခန်းအဖြစ် အသုံးပြုကာ အဓိကအခြေပြုနေသည့် ချောင်းစောက်ရွာ အားလည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့သည်။ ဆက်လက်၍ တပ်မတော် စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ဦးတည်ရာမဲ့ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးရာနောက်သို့ အောင်မြေချဲ့ထက်ကြပ်လိုက်လံ ချေမှုန်းတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၉ ရက်၊ ယနေ့တွင် ချောင်းစောက်ရွာအနီး ဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြု နေထိုင်လျက်ရှိသည့် စခန်း ၃ ခုအား ထပ်မံ၍ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုစခန်း များအား တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏စခန်း ၁၇ ခု တို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက် သောင်းကျန်းသူများထံမှ အကြမ်းဖက်ခေါင်းဆောင် ၂ ဦးအပါအဝင် အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၃၇ လက်၊ ကျည်မျိုးစုံ ၈၃၄၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၆၃ ခု၊ ဗုံးသီးမျိုးစုံ ၃၆၃ လုံး၊ မိုင်းမျိုးစုံ ၁၁၃ လုံး၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၁၅၈ ခု၊ 4 x 4 မော်တော်ယာဉ် ၂ စီး၊ ဒေသန္တရလုပ်မော်တော်ယာဉ် ၁ စီး၊ သောင်းကျန်းသူများ၏ ပြောက်ကျားဝတ်စုံများ၊ ကျည်ကာအင်္ကျီ/ဦးထုပ်များ၊ လူနေတဲများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ အကြမ်း ဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်း အများအပြားထပ်မံ သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်စစ်ကြောင်းများ၏ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဟူသည့် ဆောင်ပုဒ်နှင့်အညီ စွန့်လွှတ်စွန့်စားစွာ ဟန်ချက်ညီညီ ချေမှုန်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ထိခိုက်ဆုံးရှုံးမှုများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများက အဆိုပါကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ် အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုခိုအောင်းနေထိုင်ရာနေရာများအား တိုက်ခိုက် ချေမှုန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် နိုဝင်ဘာလ ၃ ရက်မှ ယနေ့ထိ အကြမ်းဖက်သောင်းကျန်းသူများနှင့် စုစုပေါင်း တိုက်ပွဲကြီး/ငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး CRPHI NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနအပါအဝင် KNU၊ KNLA စခန်း ၂၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများ ထံမှ အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၁၃၄ လက်၊ ကျည်မျိုးစုံ ၁၃၇၁၉ တောင့်၊ မိုင်းမျိုးစုံ၊ ဗုံးသီးအမြောက်အများနှင့် အခြားဆက်စပ်ပစ္စည်းပေါင်းများစွာ သိမ်းဆည်း ရမိခဲ့သည်။

KNU၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် မွန်ပြည်နယ်၊ သိမ်ဇရပ်- ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီးနယ်မြေအစပ်တို့ရှိ သွားလာရေးခက်ခဲသော တောတောင်များအတွင်း ယာယီအခြေပြုခိုအောင်းနေထိုင်၍ တရားဥပဒေမဲ့ မသမာသော နည်းလမ်းမျိုးစုံမှရရှိလာသော အကျိုးအမြတ်များဖြင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် အသုံးပြုမည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူ ဖြည့်တင်းပြီး လက်နက်အားကိုးဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား အနိုင်ကျင့် ဗိုလ်ကျကာ ကျေးရွာများအတွင်းနှင့် အနီးဝန်းကျင်တို့တွင် ယာယီအခြေပြုစခန်းများ တည်ဆောက်နေထိုင်ခြင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များဖြင့် ဘန်ကာများ တည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသော ကျေးရွာများမှ ရဟန်းသံဃာများ၊ ဒေသခံပြည်သူများနှင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများအား ဒလန်ခေါင်းစဉ်တပ်ကာဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ ကုန်တင်ကားများနှင့် ခရီးသွားမော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ လမ်းတံတားများအား နည်းလမ်းမျိုးစုံဖြင့်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းမျိုးစုံဖြင့်နှောင့်ယှက်ဖျက်ဆီးနေသည့် လက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်းသူများအားမည်သည့်ဒေသတွင်မျှ အခြေချခိုအောင်းနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှုမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဒေသခံပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#Myanmar #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)