သာပေါင်း ၊နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ခရိုင်၊မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ယနေ့နံနက် (၉)နာရီက ဆောင်ဘုံကျေးရွာအုပ်စု၌ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးမှုသရုပ်ပြခြင်းနှင့် ဆင်းသုခစပါး စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြသည်။ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးဇာဏီအောင်နှင့် အဖွဲ့ဝင်တို့က ဆောင်ဘုံကျေးရွာအုပ်စု၊ ဆောင်ဘုံကျေးရွာ၊ တောင်သူ ဦးမြင့်ရွှေ၊ ကွင်းအမှတ်(၇၂၆)၊ ဦးပိုင်အမှတ်(၃၀/၅)၊ လယ်မြေ (၄)ဧကတွင် ဆင်းသုခစပါးမျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေးအတွက် Drum Seeder မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးမှုသရုပ်ပြကြပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဆွေးနွေးရာ တောင်သူများမှ သိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တောင်သူ ဒေါ်အုံးမြင့်၏ ကွင်းအမှတ်(၇၂၆)၊ ဦးပိုင်အမှတ်(၂၀)၊ လယ်မြေ (၂)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းသုခစပါး စံကွက်ရိတ်သိမ်းမှုအပေါ် အထွက်နှုန်းများအား စိစစ်ခဲ့ကြရာ အစို (၈၅)တင်း၊ အခြောက် (၇၇)တင်းနှုန်းထွက်ရှိရာ ယခင်နှစ်ထက် အစို (၁၀)တင်း ပိုမိုထွက်ရှိကြောင်း တွေ့ရှိရ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပြီးနောက် မြို့ပေါ်ရှိ စိုက်ပျိုးရေးပစ္စည်းဆေးဆိုင် /အရောင်းဆိုင်များအား စစ်ဆေးကာ သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ စံချိန်စံညွှန်များနှင့်အညီ ရောင်းချရေးနှင့် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
https://t.me/MyanmarNationalPost

No comments:
Post a Comment