ပဲခူး ၊ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကိုကိုဦးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ် ရပ်ကွက်ကြီး (၉) ရှိ ကြက်မွေးမြူရေးခြံ၊ မုန်တိုင်းကျေးရွာအနီးရှိ တစ်အုပ်တစ်မ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် ရွှေတန်ကျေးရွာအနီးရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစံပြစခန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment