LFC-1 ပြိုင်ပွဲ မြန်မာဖိုက်တာ နော်ဥမ္မာစိုး vs ပြင်သစ်ဖိုက်တာ စင်ဒီ တို့ရဲ့ ပွဲစဉ်မှာ နော်ဥမ္မာစိုးဟာ ခေါင်းတိုက်ချက်တွေနဲ့ လှလှပပ တိုက်ခိုက်ခဲ့ပါတယ်။ ပြိုင်ပွဲအတွင်း ပွဲစီစဉ်သူများ မေ့လျော့သွားသလား ခေါင်းတိုက်ချက်တွေနဲ့ ပြိုင်ဘက်ကို အခက်တွေ့စေခဲ့တဲ့ နော်ဥမ္မာစိုးကို ပြိုင်ပွဲပြီးမှသာ ခေါင်းတိုက်ဘောနပ်စ် ပေးခဲ့ပါတယ်။
နော်ဥမ္မာစိုး က "ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပေးပြီး အခုလို အထူးဆုချီးမြှင့်ပေးတဲ့ မစ္စတာ Nick နဲ့ LFC အဖွဲ့သားအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီလို အသိအမှတ်ပြုပေးမှုက ကျွန်တော့်အတွက် အလွန်တန်ဖိုးရှိပြီး ဒီထက်ပိုကြိုးစားဖို့လည်း ခွန်အားဖြစ်စေပါတယ်။ ဒီလို အသိအမှတ်ပြုခံရတဲ့အတွက် အရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နောက်ပွဲမှာလည်း ကိုယ့်ကိုယ်ကို ပိုမိုတိုးတက်အောင် ကြိုးစားပြီး ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်" လို့ ပြောဆိုသွားပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပတဲ့ LFC-1 မှာ မြန်မာဖိုက်တာ နိုင်ဝင်းထွန်း တစ်ယောက်သာ အလဲထိုးအနိုင်ရခဲ့ပြီး ကျန်ပွဲစဉ်များအားလုံးကို အလူးအလဲ ပူးတွဲသရေအဖြစ် ကြေညာခဲ့ပါတယ်။
LFCရဲ့ တရားဝင် website မှာတော့ အမှတ်စနစ်အရ အနိုင်ရသူများ စာရင်းကို ထုတ်ပြန်ထားပါတယ်။ အဓိက ခေါင်တွဲစိုင်း ရာမန် vs ဘရူနို ပွဲမှာ အမှတ်စနစ်အရ ရာမန် အနိုင်ရခဲ့သလို ဒုတိယတွဲစိုင်းမှာ ထွန်းမင်းနိုင် အနိုင်ရခဲ့ပါတယ်။ မေသဇင်ထူး၊ ဒေါင်းမိုက်သွေး၊ သွေးသစ်မောင်၊ နော်ဥမ္မာစိုး တို့လည်း အနိုင်ရခဲ့ပါတယ်။ ကညောခွါး vs ရဲလင်းဦး ပွဲစဉ်ကိုတော့ သရေအဖြစ်သာ ထုတ်ပြန်ထားပါတယ်။ စိုးမိုးဇော် နဲ့ ထိုင်းဖိုက်တာ ပွဲစဉ်ကိုတော့ Under Review အဖြစ်သာ ထုတ်ပြန်ထားပါတယ်။
#Myanmar #News





No comments:
Post a Comment