မုဒုံ၊ အောက်တိုဘာ ၃၁
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက်ပိုင်းက မုဒုံမြို့၊ ဓမ္မရာဇိန် ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် စုပေါင်းဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ ဓမ္မရာဇိန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝယုဏထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြကာ ပင့်ဖိတ်ထားသော သံဃာတော် ၅၁ ပါးတို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေသည်။
မွန်ပြည်နယ်သည် သမိုင်းစဉ်ဆက် ဗုဒ္ဓဘာသာ၊ သာသနာရောင်ဝါထွန်းလင်းသကဲ့သို့ ယခုလို ဝါကျွတ်အခါသမယကာလတွင်လည်း ဝါတွင်းသတင်းသုံးနေထိုင်တော်မူကြ သည့် ဆရာတော် သံဃာတော်၊ အရှင်သူမြတ်များ ဆွမ်း၊ ကွမ်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါး ပြည့်စုံစေရေး၊ ကထိန်အလှူတော်များ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များမှ ကပ်လှူပူဇော်ပေးလျက်ရှိရာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်လျာမြတ်သင်္ကန်းကို မြို့နယ်အလိုက် ဆက်ကပ်လှူဒါန်းပူဇော်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment