ရွှေပြည်သာတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်တော့ဖြစ်၍ ကာကွယ်ဆေးထိုးစုရပ်များ ပြန်လည်နေရာချထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်တော့ဖြစ်၍ ကာကွယ်ဆေးထိုးစုရပ်များ ပြန်လည်နေရာချထား



ရွှေပြည်သာ၊ အောက်တိုဘာ   ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများမှ အသက်ပိုင်းခြားအလိုက် ဦးတည်အုပ်စုများနှင့် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် စုရပ်များ ပြုလုပ်၍ စီစဉ်ထိုးနှံ ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စာသင်ကျောင်းများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင်  ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍  ယခင် ဆေးထိုးစုရပ်ထားရှိသည့်  စာကျောင်းများ အစား သင့်တော်ရာဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ဆေးထိုးစုရပ်များအဖြစ် စီစဉ်ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ဆေးထိုးစုရပ် စီစဉ်ထားရှိသည့် နေရာများအားရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာရပ်ကွက်၊ ကျေးရွာများအလိုက် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး၊ သန့်ရှင်းရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူများ ကျန်းမာရေးအတွက် အသိပေးခြင်း၊ သတိပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဦးစား ပေးအုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - အေးမိုး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)