ကော့ကရိတ်၊ အောက်တိုဘာ ၃၁
ယနေ့နံနက် (၃)နာရီဝန်းကျင်က ကော့ကရိတ်မြို့ NLD ရုံးတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယနေ့ နံနက် (၃)နာရီခန့်တွင် ကော့ကရိတ်မြို့နယ်အတွင်း ပေါက်ကွဲသံကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကော့ကရိတ်မြို့၊ NLD ပါတီရုံးချုပ် အဆောက်အဦ အောက်ထပ်ရှိ အဝင်တံခါးမကြီး၊ တံခါးဘောင်များနှင့် ပြတင်းပေါက်မှန်များ ပျက်စီးနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးတွေ့ရှိချက်အရ ရေသန့်ဘူးအပိုင်းအစများနှင့် ယမ်းကြိုးများအား စစ်ဆေးတွေ့ရှိရပြီး ရေသန့်ဘူးဖြင့် ပြုလုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်း ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲခဲ့သော အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။
အလားတူ ထားဝယ်မြို့တွင်လည်း NLD ရုံးတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး NLD ပါတီဝင်များ အချင်းချင်း ငွေကြေးပြဿနာများကြောင့် ကိုယ့်ရုံးကိုယ် ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment