မဲလိမ်မဲခိုးမှုများကြောင့် တပ်မတော်က NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ထိန်းသိမ်းလိုက်တဲ့အချိန်မှာ NLD လွှတ်တော်အမတ်ဟောင်းတချို့နဲ့ ပူးပေါင်းပြီး မင်းကိုနိုင် ဦးဆောင်ကာ နိုင်ငံရေးဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်ခဲ့ကြပါတယ်။ မင်းကိုနိုင်၊ ဂျင်မီ၊ မျိုးရန်နောင်သိန်း၊ အဆိုတော်လင်းလင်း၊ မောင်မောင်အေး၊ အင်းစိန်အောင်စိုး၊ ပန်ဆယ်လိုတို့ဟာ ဆူပူအကြမ်းဖက်လှုံ့ဆော်သူများထဲမှာ ပထမဆုံး တရားစွဲဆိုခံခဲ့ရသူများဖြစ်ပြီး (၇)လကျော်ကြာသည်အထိ အမှုပွဲစား ဂျင်မီတစ်ယောက်သာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လိုတို့ကတော့ အကြမ်းဖက်အားပေး အမေရိကန်အစိုးရရဲ့ အကူအညီနဲ့ အကြမ်းဖက်လှုံ့ဆော်သူတွေဟာ အမေရိကန်မှာ ခိုလှုံခွင့်ရသွားခဲ့ပါတယ်။
မင်းကိုနိုင်အကြောင်းနဲ့ ပတ်သက်လို့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းအုပ်စိုးက အခုလိုထောက်ပြပြောဆိုလိုက်ပါတယ် -
"သူဘယ်မှာလဲ၊ ကျောင်းနံရံတဝိုက်မှာ ဒေါင်းအလံတွေပြန်စိုက်မယ်ဆိုပြီး ကျောင်းသားလေးတွေကိုမြှောက်ပေးခဲ့တဲ့ကောင်၊ တွဲတိုင်းမှာ စက်ခေါင်းရှိတယ်ဆိုတဲ့စကားနဲ့ ပြည်သူတွေကိုမြှောက်ပေးခဲ့တဲ့ကောင်၊ အဆုံးသတ်တိုက်ပွဲ နိုင်ကိုနိုင်ရမယ်ဆိုပြီး လူငယ်လေးတွေကိုသေတွင်းထဲ မရောက်ရောက်အောင်စကားလုံးတွေနဲ့
နားပေါင်းများစွာကိုအဆိပ်ခတ်ခဲ့တဲ့ကောင်၊ စစ်မှန်တဲ့ယုံကြည်ချက် ရဲရင့်ပြတ်သားတဲ့လုပ်ရပ်တွေနဲ့ တစ်ချို့ ကျောင်းသားလေးတွေ တစ်ချို့ လူငယ်လေးတွေ တောထဲကိုရောက် သေရွာကိုရောက်နေကြချိန်မှာ အများပိုင်နာမည်တစ်ခုကို မောင်ပိုင်စီးထားတဲ့ကောင်၊ အသက်ငါးဆယ်ကျော်တဲ့အထိ ကျောင်းသားဆိုတဲ့ခေါင်းစဉ်အောက်မှာ အရေခွံတစ်ခုကိုခြုံပြီး အယောင်ဆောင်နေခဲ့တဲ့ကောင်၊ မင်းကိုနိုင် လို့သူ့ကိုသူအမည်သညာ သတ်မှတ်ထားတဲ့ကောင်၊ မြန်မာတစ်ပြည်လုံး ပူလောင်ခြင်းတွေ သောကတွေ စိုးထိတ်ခြင်းတွေ မရေရာမသေချာခြင်းတွေ ခံပြင်းတောက်ခေါက်သံတွေနဲ့ဖုံးလွှမ်းနေချိန်မှာ အဲဒီကောင် ဘယ်ရောက်နေလဲ" လို့ မေးခွန်းထုတ်လိုက်ပါတယ်။
မင်းကိုနိုင်အကြောင်းနဲ့ ပတ်သက်လို့ "အဲဒီကောင် ဘာတွေလုပ်နေလဲ၊ အဲဒီကောင်မှာ ဘာတွေပိုင်ဆိုင်ထားပြီလဲဆိုတာ၊ သိတဲ့သူများရှိရင် တခြားသူတွေဗဟုသုတရစေဖို့ အနည်းအပါးလောက်ပြောပြပေးကြပါလားဗျာ" လို့ မင်းအုပ်စိုးက မေးခွန်းထုတ်လိုက်ခြင်း ဖြစ်ပါတယ်။
မင်းကိုနိုင်ဟာ လူငယ်တွေကို မြှောက်ပေးတဲ့နေရာမှာ စကားလုံးလှလှတွေနဲ့ သွေးကြွအောင် လှုံ့ဆော်တတ်သူ ဖြစ်ပါတယ်။ သံပုန်းတီး၊ ဆန္ဒပြတာတွေကို အရှိန်မလျှော့ဖို့ နိုင်ငံတကာက အလေးထားလာတဲ့အထိ ရတဲ့နေရာက လုပ်ကြဖို့ လှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကတော့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားပါပြီ။
အမေရိကားကို ရောက်တယ်ဆိုတာကို လူသိမခံဘဲ ထိန်ချန်ထားပါသေးတယ်။ တော်လှန်ရေး ရဲဘော်တွေကို အားနာလို့ ဆိုပဲ။
NLD တွေ ဆူပူအကြမ်းဖက် လုပ်နေတဲ့ အခုလိုကာလမှ မင်းအုပ်စိုးကတော့ ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ စစ်ဖိနပ်အောက်ကို ပြန်မသွားချင်ဘူးဆိုပြီး လက်သီးလက်မောင်းတန်းနေကြတဲ့ အနုပညာအသိုင်းအဝိုင်းထဲက ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ လူမင်း၊ ပြေတီဦး တို့ရဲ့ သရုပ်မှန်ကိုလည်း ဖော်ထုတ်ပြောဆိုခဲ့ပါသေးတယ်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment