သာယာဝတီမြို့တွင် တပ်မတော်ထောက်ခံပွဲကျင်းပခဲ့ပြီး NUG, PDF အကြမ်းဖက်အဖွဲ့များကို ခြေမှုန်းပေးရန် တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် တပ်မတော်ထောက်ခံပွဲကျင်းပခဲ့ပြီး NUG, PDF အကြမ်းဖက်အဖွဲ့များကို ခြေမှုန်းပေးရန် တောင်းဆို


သာယာဝတီ၊ အောက်တိုဘာ ၃၁

ယနေ့ သာယာဝတီမြို့တွင် တပ်မတော်ထောက်ခံပွဲကို အင်အား ၁၅၀၀ ဝန်းကျင်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

တပ်မတော်ထောက်ခံသူများက ပြည်ထောင်စုမပြိုကွဲရေး - ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး - ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး - ဒို့အရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ - အောင်ရမည်၊ ပြည်ပစွက်ဖက်မှုမှန်သမျှ - ဆန့်ကျင်ကြ၊ NUG, PDF အကြမ်းဖက်မသားများ - အလိုမရှိ ကြွေးကြော်သံများဖြင့် စုဝေးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ မော်လမြိုင်၊ မြစ်ကြီးနား မြို့ကြီးများနှင့် နယ်မြို့များတွင် တပ်မတော်ထောက်ခံပွဲများ ကျင်းပခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသည့် NUG, PDF အကြမ်းဖက်သမားများအား အမြစ်ပြတ် ခြေမှုန်းပေးရန်နှင့် ဥပဒေစိုးမိုးရေးလိုလားသည့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မြန်မာ့တပ်မတော်အနေဖြင့် အပြည့်အဝ အကာအကွယ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

NLDပါတီမှ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ လု်ပကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့ဝန်ထမ်း စုစုပေါင်း ၁၃၄၂ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)