ကျိုက်လတ်၊ အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေး နိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက လှိုင်းတာကျေးရွာ အုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လှိုင်းတာကျေးရွာရှိပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနေ့ချင်းပြီးပြုလုပ် ဆောင်ရွက်ပေးခဲ့ရာ ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကပ်ပြားကျား(၁)၊ မ(၁)ဦးပေါင်း(၂)ဦး၊ ၁၈နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကပ်ပြားကျား(၁၂)ဦး၊ မ(၉)ဦးပေါင်း(၂၁)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေး ကပ်ပြား ကျား(၂၀)ဦးမ (၁၇)ဦးပေါင်း (၃၇)ဦးနှင့် နိုင်ငံသားစိစစ်ရေးကပ်ပြား ပျောက်ဆုံး/ပျက်စီးမိတ္တူ ထုတ်ပေးမှုကျား(၅) မ(၁၅)ဦးပေါင်း (၂၀)ဦး၊စုစုပေါင်းကျား(၃၈)ဦး၊မ(၄၂)ဦး စုစုပေါင်း(၈၀)ဦးထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ဌေးဌေးလှိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment