ကျောက်ဖြူ၊ အောက်တိုဘာ ၃၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး စစ်တွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်း က ရမ်းဗြဲမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ရပ်မိရပ်ဖများ၊ ဌာန ဆိုင်ရာ များနှင့်တွေ့ဆုံသည်။
ရှေးဦးစွာ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီး ချုပ်၏လမ်းညွှန်ချက်များအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ထပ်ဆင့်ရှင်းလင်းမှု အခြေ အနေ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်မှု အခြေအနေ၊ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေ၊ အခြေခံပညာကျောင်းများ ပြန် လည်ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှု အခြအနေ များနှင့် ပတ်သက်၍ Power point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး၊ ရပ်မိရပ်ဖ ဦးအောင်စိုးက မြို့နယ် အတွင်းတွင် လိုအပ်ချက်များရှိသည့် ကျန်းမာရေး၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေး၊ ဒီရေတော ထိန်းသိမ်းရေး စသည်များအား ကဏ္ဍအလိုက်တင်ပြခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများက ရခိုင်ပြည်နယ်တွင်ဆောင်ရွက် မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပုဏ္ဏားကျွန်းစက်မှုဇုန်လုပ်ငန်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း များ၊ လျှပ်စစ်ဓါတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်၍ လျှပ်စစ်မီးလုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး အတွက် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေ မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြား ခဲ့သည်။ ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်းပေး ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရမ်းဗြဲမြို့နယ်၊ ခမောင်းခြေတိုင်ကျေးရွာအုပ်စု၊ လယ်ကြီးပြင်ကွင်းတွင် ဆောင်ရွက်လျက်ရှိသည့် မြို့ကွက်သစ်ဖော်ဆောင်ခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှုရာ ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသက်ထွန်းက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာ ကြားခဲ့သည်။
သတင်း - တင်ထွန်းဦး၊ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment