မန္တလေး၊ အောက်တိုဘာ ၃၁
ယနေ့ နံနက်(၉)နာရီမှစတင်၍ တပ်မတော်ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူများ ပူးပေါင်း၍ တပ်မတော်ထောက်ခံပွဲတစ်ရပ် ကျင်းပလျက်ရှိကြောင်း သိရသည်။
အလားတူ အခြားသော မြို့ကြီးများနှင့် နယ်မြို့များတွင်လည်း တပ်မတော်ထောက်ခံပွဲများ ကျင်းပခဲ့ကြပြီး NUG, PDF အကြမ်းဖက်အဖွဲ့များအား အမြစ်ပြတ်ခြေမှုန်းရန်နှင့် ဥပဒေစိုးမိုးရေးကို လိုလားသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မြန်မာ့တပ်မတော်ကြီးအနေဖြင့် အပြည့်အဝ အကာအကွယ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံရေးဆူပူအုံကြွမှုဖြစ်ပေါ်စေရန် လှုံ့ဆော်သူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဆူပူအကြမ်းဖက် လှုပ်ရှားမှုများတွင် ပါဝင်လာသော လူငယ်များကို သက်ညှာပေးခဲ့ပြီး အကျဉ်းထောင်အသီးသီးမှ အမှုများ ရုပ်သိမ်း၍ ပြန်လွှတ်ပေးခဲ့သည်။
နိုင်ငံရေးမှိုင်းမိနေသော NLD, PDF အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူနှင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့ဝန်ထမ်းများအပေါ် စာနာမှုမရှိဘဲ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိရာ အပြစ်မဲ့ရဟန်းရှင်လူပြည်သူနှင့် ပြည်သူ့ဝန်ထမ်း စုစုပေါင်း ၁၃၄၂ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖန်တီးလုပ်ဆောင်လျက်ရှိသော NLD, CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို အမေရိကန်အပါအဝင် ဥရောပနိုင်ငံတချို့က အားပေးထောက်ပံ့လျက်ရှိပြီး တပ်မတော်အပေါ် အစဉ်တစိုက် ဖိအားပေးနေမှုများအပေါ် မြန်မာ့တပ်မတော်ချစ်မြတ်နိုးသူများက ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်နေသည်ကို တွေ့မြင်ရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment