ထားဝယ်၊ အောက်တိုဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှပ်နှံမှုအနေဖြင့် ခရီးသွားကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သတ္တုသယံဇာတ စသည့် လုပ်ငန်းတာဝန်များ စွာရှိကြောင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်လိုသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖိတ်ခေါ်ပြီး ရင်းနှီးမြှပ်နှံမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံသူများ အနေဖြင့်လည်း လုပ်ငန်းများကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက်လည်း ရင်းနှီးမြှပ် နှံမှုများကို ယခုထက်ပိုပြီး တိုးတက် များပြားလာအောင် ဝိုင်းဝန်း လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးသန်းဇော်ဦးက ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး ကုမ္ပဏီနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက Pongpipat Development Co: Ltd မှ Bot စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုနှင့် အပန်းဖြေစခန်း လုပ်ငန်းအတွက် ကနဦး မြေရှင်းလင်းခြင်းနှင့် လုပ်ငန်းခွင် ဝင်ရောက်ခွင့်ပြုနိုင် ရေးနှင့် ပတ်သက်၍လည်းကောင်း V&K Pineapple Canning Co: Ltd မှ ထားဝယ် ခရိုင်၊ ထီးခီးဒေသနှင့် မြိတ်ခရိုင်၊ မောတောင်ဒေသတို့တွင် နာနတ်သီး စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment