ခမောက်ကြီး၊ အောက်တိုဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ Quarantine Centre တွင် ထားရှိသော မြန်မာရွှေ့ပြောင်း လုပ်သားများအား ယနေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးခြင်းကို ကော့သောင်းခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း (၅) ဦးတို့က ရွှေ့ပြောင်းအလုပ်သမား (၁၉) ဦးတို့အား COVID-19 Antigen Repid Test kit ဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သားများအား သတ်မှတ်ရက်ပြည့်ပါက သက်ဆိုင်ရာ နေရာဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်သည်။
သတင်း - ရူပါမြင့် (ခမောက်ကြီး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment