NLD, PDF အကြမ်းဖက်သမားများက ကျောင်းဝသွားရင် ပြောင်းဝရောက်မယ်ဟု ခြိမ်းခြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD, PDF အကြမ်းဖက်သမားများက ကျောင်းဝသွားရင် ပြောင်းဝရောက်မယ်ဟု ခြိမ်းခြောက်




ရန်ကုန်၊ အောက်တိုဘာ ၃၁

နိုင်ငံတော်အစိုးရက ၁-၁၁-၂၀၂၁ ရက်နေ့ စာသင်ကျောင်းများ စတင်ဖွင့်လှစ်ရန် ကြေညာထားရာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆူပူအကြမ်းဖက် လုပ်ငန်းမျိုစုံကို လုပ်ဆောင်နေသည့် NLD, PDF အကြမ်းဖက်သမားများက စာသင်ကျောင်းရှေ့တွင် ကျောင်းဝသွားရင် ပြောင်းဝရောက်မယ် ဟူသော ခြိမ်းခြောက်စာများ လိုက်ကပ်နေသည်ကို တွေ့မြင်ရသည်။

ဗိုလ်တစ်ထောင်မြို့နယ်၊ အထက (၆) ကျောင်းရှေ့တွင် NLD, PDF အကြမ်းဖက်သမားများက "စစ်ကောင်စီ လက်အောက်ခံ ကျောင်းမတက်ကြရေး နှိုးဆော်ချက်" ခေါင်းစဉ်ဖြင့် ခြိမ်းခြောက်စာ ကပ်ထားသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။

ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်းကလည်း နိုင်ငံတော်အစိုးရက ကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ NUG အကြမ်းဖက်အဖွဲ့မှ ဆူပူအကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေး မျိုးရန်နောင်သိန်းက ကျောင်းထားမည့် ကျောင်းသားမိဘများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသော်လည်း NLD, PDF အကြမ်းဖက်သမားများ၏ ရန်ပြု ခြိမ်းခြောက် စော်ကားမှုများနှင့် ပတ်သက်၍ လုံခြုံရေးအစီအမံ မည်သို့ ဆောင်ရွက်ပေးသွားမည်ကို ထုတ်ပြန်ပြောဆိုထားခြင်း မရှိပေ။

NLD, PDF အကြမ်းဖက်သမားများနှင့် ဆူပူအကြမ်းဖက်လှုံ့ဆော်မီဒီယာများသည် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် သတင်းမှားများဖြန့်ဝေ၍ အများပြည်သူကို ခြိမ်းခြောက်နေခြင်းကြောင့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)