ကျိုက်မရော၊ အောက်တိုဘာ ၃၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဆဌမအသုတ် (ပထမအကြိမ်)ကို ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ယနေ့ နံနက် ၈ နာရီက စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးသည့်စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသည်။
ကျိုက်မရော မြို့နယ်၌ဆဌမအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများ၊ ဌာနဆိုင်ရာ မိသားဝင်များ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသူများ၊ ရွှေ့ပြောင်းလုပ်သားမိသားစုများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်များမှ အလုပ်သမားများ၊ ဈေးသည်များနှင့် ပုဂ္ဂလိက ဘဏ်များမှ ဝန်ထမ်းများအား ဦးတည်အုပ်စုများအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ကိုဗစ်-၁၉ကာကွယ် ဆေးလာရောက် ထိုးနှံပြီးသူ ၈၆၁၃၀ ဦးရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများ ကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
သတင်း - ချိုမြတ်မြတ်ထွေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment