ပွင့်ဖြူ၊ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ရာ ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား အောက်တိုဘာ ၃၁ ရက် ၊ ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၇)နေရာခွဲပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ လာရောက် ထိုးနှံနိုင်ရေးအတွက် ပွင့်ဖြူမြို့(အ.ထ.က) ကျောင်း၊ လယ်ကိုင်းကျေးရွာ (အ.ထ.က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်း၊ ရှောက်တော ကျေးရွာ(အ.ထ.က)ကျောင်း၊ ကျောင်းတော်ရာကျေးရွာ(အ.ထ.က)ကျောင်း၊ မဲဇလီ ကျေးရွာ(အ.ထ.က)ကျောင်းနှင့် ထနောင်းကုန်း ကျေးရွာ(အ.ထ.က) ကျောင်းတို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၅ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အလယ်တန်းအဆင့်တွင် ကျောင်းသားကျောင်းသူ ၃၈၆၁ ဦး ၊ အထက် တန်းအဆင့်တွင် ကျောင်းသား ကျောင်းသူ ၁၅၁၄ ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၃၇၅ ဦး ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့အထိ ၄၂၅၃ ဦး ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
သတင်း - ရဲဝင်းနိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment