ချောင်းဦး၊ အောက်တိုဘာ ၃၁
ချောင်းဦးမြို့နယ်၊ ကင်းမွန်းတော်ကျေးရွာနေ ဦးပေါရှိပါ (၅)ဦးကို PDF အကြမ်းဖက်သမားများ လုပ်ကြံသတ်ဖြတ်ပစ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ချောင်ဦးမြို့နယ်၊ ကင်းမွန်းတော်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးပေါရှိန်ပါ (၅)ဦးအား ပဲစင်းငုံအခင်းထဲတွင် တောင်သူလုပ်ငန်း လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်သမားများက လာရောက် သတ်ဖြတ်သွားကြခြင်းဖြစ်သည်။
အလားတူ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာတွင်လည်း PDF အကြမ်းဖက်သမားများက ဦးစန်းဝင်း မိသားစု (၅)ဦးကို တပြိုင်တည်း သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ဖူးသည်။ တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာတွင် ရဲတပ်ဖွဲ့ဝင် မိသားစု(၆)ဦးကို သတ်ဖြတ်ပြီး နေအိမ်ကိုပါ မီးရှို့သွားခဲ့ကြသည့် လူမဆန်သော လုပ်ရပ်များ လုပ်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment