မော်လမြိုင်၊ နိုဝင်ဘာ ၂၄
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန တာဝန်ခံများနှင့် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒိယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်၊၊
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း ကူးစက်မှုများ ရှိသေးကြောင်း၊ လူစု၊လူဝေးများသည့် စက်ရုံ၊ အလုပ်ရုံ၊ ဈေးများနှင့် ဘုန်းကြီးကျောင်းများတွင် Mobile team များဖြင့် ကာကွယ်ဆေးထိုး စုရပ်များ ဆောင်ရွက်ပြီး ထိုးနှံစေလိုကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်၊ ကောလိပ်၊ သင်တန်း ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံချက်များ ရေးဆွဲတင်ပြကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ထိရောက်စွာကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးပေးကြပြီး တက်ရောက်ကြသူများက ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ တင်ပြချက်အပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်မှ (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်(၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှု စီမံကိန်းနှင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရစီမံ ကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်ခဲ့ရာ ပြည်နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးများက မိမိတို့လုပ်ငန်းကဏ္ဍ အလိုက်တင်ပြခဲ့ကြပြီး တက်ရောက်လာသည့် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက အကြံပြုဆွေးနွေး ကြသည်၊၊
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၅)နှစ်အမျိုးသားဒေသန္တရ စီမံကိန်းရေးဆွဲရေးမူဘောင်တွင် ဌာနဆိုင်ရာများ အနေဖြင့် မိမိတိုတာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍအလိုက် ထပ်မံဖြည့်စွက်သင့်သည့် အချက်များရှိပါက အကြံပြုဆွေးနွေးစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်တို့ကို အခြေခံပြီး ပြည်ထောင်စု၏ မူဝါဒများနှင့်ဆီလျော်မှုရှိစေရေး အလေးထား ရေးဆွဲသွားရမည်ဖြစ်ကြောင်း၊ (၆)လမီနီဘတ်ဂျက် ကာလလုပ်ငန်း သတ်မှတ်ချက်များ အချိန်မီပြီးစီးရေးတွန်းအားပေး ဆောင်ရွက်စေလိုကြောင်း၊ ပြည်ထောင်စု၏ မူဝါဒများ၊ ညွှန်ကြားချက်များနှင့် အဆိုပြုလျာထားရေးဆွဲကြရေး ပြောကြားခဲ့ကြောင်း သိရသည်၊၊
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment