မိုင်းကိုင်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်၊ မိုင်းကိုင်မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကို-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေး ကော်မတီနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုမှ တာဝန်ရှိသူများက ရွေ့လျားဝန်ဆောင်မှုအဖွဲ့ဖြင့် ကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်သည်။
မိုင်းကိုင်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield ထိုးနှံရန်လျာထား သူဦးရေ ၁၈၉၀ ဦးအနက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၆၃၅ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၁၄၀ ဦး ၊ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် လျာထားသူပေါင်း ၂၁၈၇၅ ဦးရှိသည့်အနက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၄၀၁၇ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၉၈၇၀ ဦး ၊ Sinovas ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်လျာထားသူ ၁၁၆၀ ဦး ရှိသည့်အနက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၀၂၂ ဦး ၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၈၈ ဦးရှိပြီး ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထပ်မံထိုးနှံရန် ကျန်ရှိသူများအားလုံး ကာကွယ်ဆေးများ ထိုးနှံပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများက ရွေ့လျားဝန်ဆောင်မှု စနစ်ဖြင့် ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်သည်။
သို့ဖြစ်၍ ရွေ့လျားဝန်ဆောင်မှုအဖွဲ့များသည် နိုဝင်ဘာလ ၂၄ ရက်ယနေ့တွင် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနဆေးထိုးစုရပ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အမှတ်(၄)ရပ်ကွက် ၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အမှတ် (၅) ရပ်ကွက်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု ၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဟိုနားကျေးရွာအုပ်စု၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆင်ခြေဖုန်းရှေ့ကျေးရွာအုပ်စုတို့ကို ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ချော
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment