စလင်း၊ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး ကျော်ကျော်လင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက စလင်းမြို့မစည်ပင်သာယာဈေးသို့ ရောက်ရှိပြီး ဈေးအတွင်း ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဈေးအတွင်းအပြင် သန့်ရှင်း သာယာလှပရေး၊ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့သည် စလင်းမြို့မ စည်ပင်သာယာ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဈေးမီးလောင်မှု နှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှု အခြေအနေများအား လိုက်လံရှင်းလင်း တင်ပြခဲ့ရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ အဖွဲ့က ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများတွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်မရှိပဲ လျှပ်စစ်မီးရယူသုံးစွဲမှု မရှိစေရေးနှင့် လျှပ်စစ်မီးအား စနစ်တကျ အသုံးပြုရေး၊ ဈေးအတွင်း ထမင်းဟင်းများ ချက်ပြုတ်စားသောက်ခြင်းများ မရှိစေရေး၊ ဈေးဝန်းကျင်လုံခြုံရေးနှင့် သန့်ရှင်းသာယာ လှပရေး ကြပ်မတ် ဆောင်ရွက်သွားရန် တို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း ၇၆၃ ခန်းရှိပြီး ယမန်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် စပယ်ရုံဈေးတန်းရှိ ဈေးဆိုင်ခန်း ၃၃ ခန်းနှင့် ရုံသစ်ဈေးတန်းရှိ ဈေးဆိုင်ခန်း ၈၈ ခန်း စုစုပေါင်းဈေးဆိုင်ခန်း ၁၂၁ ခန်း မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၇၈.၆၇ သိန်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း စလင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment