သီပေါ၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် MSFF (Japan) မှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအစားသောက် အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို အခြေခံလူတန်းစား အိမ်ထောင်စုများအား လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများသို့ သီပေါမြို့နယ် နှလုံးသားပရဟိတအသင်းမှကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ၊ အသားတုစသည့် အခြေခံ စားသောက်ကုန်ပစ္စည်း (၆) မျိုးကို ဇာတ်စုရပ်ကွက်၊ ပန်းတိမ်တောင်ရပ်ကွက်၊ မြန်မာရပ်ကွက်၊ ဘော်ကြိုကျေးရွာနှင့် ခါလိန်ကျေးရွာများမှ အိမ်ထောင်စု(၃၂၉)စုထံသို့ လက်ဝယ်အရောက် သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း နှင့် လှူဒါန်းတန်ဖိုးမှာ ငွေကျပ်သိန်း (၄၀) တန်ဖိုးရှိကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သတင်း - ခင်လေး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment