ကန်ကြီးထောင့်၊ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာတွင် ယမန်နေ့ည၁၁နာရီမိနစ်၅၀အချိန်က လေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ် ၃လုံးနှင့်ဘုန်းကြီးကျောင်းဆောင် ၁ခု ပျက်စီးမှုဖြစ်ပါ်ခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှသိရသည်။
လေပြင်းများတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်းခင်း နေအိမ်၂လုံး၊ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်၂လုံးနှင့် ရတနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းအတွင်းမှ ဓနိမိုး၊ ဓနိကာ မြေစိုက်ကျောင်းဆောင်၁ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လေပြင်းများ တိုက်ခတ်သည့်နေရာများသို့ အပင်နှစ်ဆယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ သွားရောက်ပြီး လေဘေးသင့်မိသားစုဝင်များအား ၎င်းတို့၏ ဆွေမျိုးများ နေအိမ်သို့ ယာယီရွှေ့ပြောင်းထားကာ လိုအပ်သည် များကိုလည်း ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်း - လှမင်းထွဋ်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment