မိုင်းပျဉ်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့သူ(၈၅၅)ဉီးအား ငွေကျပ်(၂၅)သိန်းကျော် ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပျဉ်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့သူ(၈၅၅)ဉီးအား ငွေကျပ်(၂၅)သိန်းကျော် ထောက်ပံ့ပေးအပ်



မိုင်းပျဉ်း၊ နိုဝင်ဘာ   ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဉီးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ခဲ့သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်ပုံရိုက်ခနှင့် သွေးစစ်ခများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဉီးစီးမှူး ဉီးဝင်းဖေ က ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့သူ(၈၅၅)ဉီးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်ပုံရိုက်ခနှင့် သွေးစစ်ခထောက်ပံ့ငွေများကို ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဉီးမြင့်ဝင်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများကို မိုင်းပျဉ်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့သူ(၈၅၅)ဉီးအား  နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ကုန်ကျခဲ့သည့် တစ်ဉီးလျှင် သွေးစစ်ခ(၁၅၀၀)ကျပ်နှင့် ဓာတ်ပုံရိုက်ခ(၁၅၀၀)ကျပ်၊ ပေါင်း(၃၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၅၆၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှတဆင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်သူ ပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - ယဉ်ယဉ်ဝင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)