လပွတ္တာ၊ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်နှင့် အဖွဲသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စက်မှုလက်မှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် သင်တန်းများသင်ကြားမှုကိုကြည့်ရှု အားပေးခဲ့ပြီး လပွတ္တာခရိုင် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ (၁၀:၀၀) နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အောက်စီဂျင်စက်ရုံစတင်လည်ပတ်နိုင်ရေး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အောက်စီဂျင်စက်ရုံဆိုင်ရာ အထောက်အထား များအား ဆေးရုံအုပ်ကြီး ဒေါက်တာအိသန္တာထွေးသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လပွတ္တာခရိုင် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။
လပွတ္တာမြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်စီဂျင်စက်ရုံသည် စက်အမျိုးအစား WYO-30/4-150၊ တရုတ်နိုင်ငံထုတ် ၊ တစ်နာရီထုတ်လုပ်နိုင်မှု ၄၀လီတာ(၅)လုံး၊ စုစုပေါင်းတန်ဖိုး ကျပ် (၁၉၁၄.၉၂၆) သိန်း ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲမှ လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment