ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ ထိန်းချုပ်ရာတွင် ပူးပေါင်းကူညီခဲ့ကြသော ဌာနဆိုင်ရာများနှင့် ပရဟိတ အဖွဲ့အစည်းများအား ဂုဏ်ပြုမနက်စာစားပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ ထိန်းချုပ်ရာတွင် ပူးပေါင်းကူညီခဲ့ကြသော ဌာနဆိုင်ရာများနှင့် ပရဟိတ အဖွဲ့အစည်းများအား ဂုဏ်ပြုမနက်စာစားပွဲ ကျင်းပ

 




ဒဂုံတောင်၊ နိုဝင်ဘာ  ၂၈

ကမ္ဘာတစ်ဝန်းလုံး၌ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကူးစ ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပြန့်ပွားမှုများကိုယ် ထိန်းချုပ်ရာတွင် ပူးပေါင်းကူညီခဲ့ကြသော ဌာနဆိုင်ရာ များနှင့် ပရဟိတ အဖွဲ့အစည်းများအား ယနေ့ နံနက် ၉နာရီအချိန်က ဂုဏ်ပြုမနက်စာစားပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အမှတ်-၃ စစ်အုပ်ချုပ်ရေးနယ်မြေမှုး ဗိုလ်မှူးကြီး သိန်းထိုက်ဦးတက်ရောက်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်က မိမိတို့မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများ၏ ပူးပေါင်း ပါဝင်မှုတို့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ထို့အဖွဲ့အစည်းများ၏ စည်းစည်းလုံးလုံးနှင့်ပူးပေါင်းပါဝင်တဲ့အတွက် မြို့နယ် အတွင်း ကူးစက်ပြန့်ပွားမှုအား ယခုလို ထိထိရောက်ရောက် ထိန်းချုပ်နိုင်တာဖြစ်ကြောင်း အဲ့ဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်ဟု မုဒိတာအမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်ကိုဗစ်ကော်မတီဝင်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိပရဟိတ အဖွဲ့အစည်းများနှင့် စေတနာရှင် volunteer များအား ဂုဏ်ပြုမနက်စာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။

သတင်း -  သက်မင်းဟန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)