ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားတက္ကသိုလ် ပုရဝုဏ်အတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့ များနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ပြီး ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ် အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားတက္ကသိုလ် ပုရဝုဏ်အတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့ များနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ပြီး ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ် အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်



မြစ်ကြီးနား၊ နိုဝင်ဘာ ၂၇

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး ချုပ်မြတ်သက်ဦးတို့က နိုဝင်ဘာ ၂၇ ရက် နံနက် ၇ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားတက္က သိုလ် ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာဖွဲ့အစည်းများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် လူမှုရေးအသင်း အဖွဲ့များက မြစ်ကြီးနားတက္ကသိုလ် ပုရဝုဏ်အတွင်းရှိ စာကြည့်တိုက်၊ သုတေသနဌာန၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များအကြားရှိ သစ်ပင်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များကောက်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး တက္ကသိုလ်ကျောင်းသား/ကျောင်းသူဟောင်းများအဖွဲ့မှ ကချင်ရိုးရာဒန်ပေါက်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အမှတ် (၁) ကုတင် ၃၀၀ တပ်မတော်ဆေးရုံသို့ သွားရောက်ပြီး နိုဝင်ဘာ ၂၆ ရက် ဖားကန့်မြို့နယ် မှော်စီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံတွင် ကုသမှုခံယူနေသော အလယ်တန်းပြဆရာနှင့် ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော သံဃာတော်များ၊ လူနာများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြပြီး ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ဆောင်းရာသီ အားကစားပွဲတော်အထိမ်းအမှတ် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီတို့မှ ပူးပေါင်းကျင်းပသည့် အသက် ၁၇ နှစ်အောက် ကလပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဘူးဂါး(BUGA) အသင်းနှင့် Kachin Youth FC ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ Penalty အဆုံးအဖြတ်ဖြင့် ဘူးဂါးကလပ်အသင်း ၄ ဂိုး ၃ ဂိုး အနိုင်ရဗိုလ်စွဲသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြ သော လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ပြည်နယ်ဘောလုံးအားကစားဆပ်ကော်မတီ တာဝန်ရှိသူများက ပြိုင်ပွဲတစ်လျှောက် တစ်ဦးချင်းအကောင်း ဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက အသင်းလိုက် ဒုတိယဆုနှင့် တတိယဆုရ ဘောလုံးအသင်းများအတွက် ဆွဲပြားနှင့်ဆုငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအား ဆုငွေနှင့် တံခွန်စိုက်ဒိုင်းကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)