ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ကျေးရွာများ သို့ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ကျေးရွာများ သို့ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ





ဟိုပန်၊  နိုဝင်ဘာ   ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာအုပ်စု ရွှေဝါကျေးရွာ၊ စံပြကျေးရွာ၊ ဖောင်ဆိပ်နှင့် အမှတ်(၁၄၅) စသည့် များတွင် နေထိုင်ကြသည့်  ဒေသခံပြည်သူများအား ယမန်နေ့က ရွှေဝါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း စုရပ်နေရာ၌ ကွင်းဆင်း၍ စတုတ္ထအသုတ်၊ ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက် ကြီးကြပ်၍ ကော်မတီအဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းအဖွဲ့များက  ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်း အချက်အလက် များကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီး ချိန်တွင်ခေတ္တ အနားယူစေခြင်း စသည့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင်  ယနေ့အထိ စတုတ္ထအသုတ်၊ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးသည့် အသက် (၁၈)နှစ်အထက် ဒေသခံ ပြည်သူ အမျိုးသား(၄၈၉)ဦး ၊ အမျိုးသမီး(၃၇၁)ဉီး  စုစုပေါင်း ပြည်သူ(၈၆၀)ဉီး တို့အား  ပထမ အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကိုထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ပြည်သူများ အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။ 

သတင်း - ဇင်ဇင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)