သရက်မြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး လျက်ရှိရာ (၁၄၀၃၇)ဦးအား ဆေးထိုးနှံပြီးစီ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး လျက်ရှိရာ (၁၄၀၃၇)ဦးအား ဆေးထိုးနှံပြီးစီ



သရက်၊ နိုဝင်ဘာ   ၃

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများကို ရွှေသက်လွတ်ဘုရားဝန်း အတွင်းရှိ သာသနာ့ဗိမာန်တော်၌  ယနေ့ နံနက် (၉) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော် သံဃာတော်များနှင့် ပြည်သူ များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ် ဆေးထိုးနှံရန် ကာကွယ်ဆေး (၅၅၀၀)လုံး ထပ်မံရရှိခဲ့၍ စုစုပေါင်း လူဦးရေ(၂၇၅၀၀)ဦးအား  ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို  နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ  ဆောင်ရွက်ပေးလျက်ရှိပြီး  မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန်သတ်မှတ်စုရပ်နေရာ(၆)နေရာဖြစ်သော ရွှေသက် လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာ၊ တလပါးကျေးရွာ၊ အလပ်လယ် ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ဆေးထိုးနှံပေးခဲ့ရာ နိုဝင်ဘာ ၂ ရက်နေ့အထိ (၁၄၀၃၇) ဦး အား ထိုးနှံနိုင်ခဲ့ပြီး ကျန်ရှိနေသူများကိုလည်း  နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇော်ဝမ်းထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)