မင်းလှမြိုနယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတတိယအသုတ်၊ပထမအကြိမ် ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြိုနယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတတိယအသုတ်၊ပထမအကြိမ် ဆက်လက်ထိုးနှံပေး



အထက်မင်းလှ၊ နိုဝင်ဘာ   ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ်၊ပထမအကြိမ် ထိုးနှံပေးခြင်းကို ‌ယနေ့  နံနက် ၉နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ် ထားသည့် ဆေးထိုးစုရပ်များ၌ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ   ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာ‌ ရေးဝန်ထမ်းများ က‌ဆေး ထိုးနှံပေးပြီး၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီ ဆောင် ရွက်လျက်ရှိရာ ဆေးထိုး စုရပ်နေရာ များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ် ဆေးပြီးလိုအပ်သည်များအားကူညီဆောင်ရွက်ပေး လျက်ရှိသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ်ထိုးနှံပေးရာတွင် လူဦးရေ ၂၀၂၈၂ ဦးထိုးနှံပေးမည်ဖြစ်ပြီး ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်း ကို အောက်တိုဘာ  ၉   ရက်နေ့က စတင် ထိုးနှံပေးခဲ့ရာ နိုဝင်ဘာ ၂ ရက်နေ့အထိဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၁၄၄၉၂ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ အား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 သတင်း -  ဇာဇာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)