ဇီးကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်း(၁၁၀)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်(၆၃၂)ခုအား ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်း(၁၁၀)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်(၆၃၂)ခုအား ပေးအပ်


ဇီးကုန်း၊ နိုဝင်ဘာ  ၂၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်း(၁၁၀)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၆၃၂)ခု ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအေးလူက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး၊ သာယာဝတီခရိုင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးထွန်းက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ သိသင့်သိထိုက်သောအချက်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားပေးခဲ့သည်။

ဆက်လက်၍ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအေးလူ၊  အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးထွန်းနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် ကျေးရွာအုပ်စု(၁၈)အုပ်စုမှ အိမ်ထောင်စုလူဦးရေ စာရင်း(၁၁၀)စုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား(၆၃၂)ခုကို သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြပြီး၊ " လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် အဆိုပါပန်းခင်းစီမံချက်ကို မေလ ၃ ရက်နေ့မှ စတင်၍ ၁၈ လအတွင်း နိုင်ငံသား စိစစ်ရေးကတ်(၂၈၃၈)ခုအား ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (၁၃၇၅)ခု၊ အိမ်ထောင်စု လူဦးရေစာရင်း(၃၆၅)စုတို့ကို ပြုလုပ်ပေးပြီးကြောင်း မြို့နယ်လူဝန်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရသည်။

သတင်း - တင့်ဆွေ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)