မင်္ဂလာဒုံမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာသို့မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှမျက်နှာသုတ်ပုဝါများနှင့်အဝတ်အထည်များလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာသို့မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှမျက်နှာသုတ်ပုဝါများနှင့်အဝတ်အထည်များလှူဒါန်း



မင်္ဂလာဒုံ၊ နိုဝင်ဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ်ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းအတွင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာတွင်ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မျက်နှာသုတ်ပုဝါများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင်မ င်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းစီမံ ခန်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးမြန်မာနိုင်ငံ ကြက်ခြေနီအသင်းသဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်ကပစ္စည်းများ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အချိန်ပြည့်အမှုဆောင်ဒေါက်တာ ဦးတင်ညွန့်က မျက်နှာသုတ်ပုဝါအထည်(၁၈၀)အား လည်းကောင်း၊ အဝတ်အစားအထည်(၅၀)စုံအား လည်း ကောင်း၊ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ တီရှပ်အင်္ကျီအထည်(၅၀)ထည်အား လည်း ကောင်း လှူဒါန်းပေးအပ်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်ထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - သန္တာ(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)