စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့မှ သီးနှံနှင့် မြေယာလျော်ကြေးငွေများအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့မှ သီးနှံနှင့် မြေယာလျော်ကြေးငွေများအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပ







စစ်တွေ၊ နိုဝင်ဘာ   ၂၇

စစ်တွေခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ  သီးနှံနှင့် မြေယာလျော်ကြေးငွေများအား ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စစ်တွေခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က မြေယာ လျော်ကြေးငွေများ ပေးအပ်ရခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အလိုက် တစ်ဦးချင်း သီးနှံနှင့်မြေယာ လျော်ကြေးငွေများအား စစ်တွေခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ကြပြီး လျော်ကြေးငွေ လက်ခံရရှိသူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မြေယာလျော်ကြေးငွေများ ပေးအပ်ရာတွင် စစ်တွေ-မှန်စီ ကျောက်ချောလမ်းဖောက်လုပ်ရာတွင် သိမ်းဆည်း ခြင်းခံရသည့် လယ်မြေ ၂ ဒသမ ၀၀ ဧကအတွက် လျော်ကြေးငွေ သိန်း ၆၀ ၊ စစ်တွေ မိဇံရပ်ကွက် မြို့သန့်ရှင်း သာယာ လှပရေးအတွက် သိမ်းဆည်းခံရသည့် မြေ ၀ ဒသမ ၁၂၄ ဧကအတွက် လျော်ကြေးငွေကျပ်သိန်း ၁၇၀ အပါအဝင် ပေါက်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် သိမ်းဆည်းခြင်းခံရသည့် လယ်မြေယာအတွက် လျော်ကြေးငွေ ၁၇၃၅ သိန်း၊ ၆ သောင်း ၁ ထောင်၊ စုစုပေါင်း ၁၉၉၀ 

သတင်း - တင်ထွန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)