ရမည်းသင်း မြန်မာ့ရှေ့ဆောင်ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွင် ဘဏ်ဝန်ထမ်းများ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်း မြန်မာ့ရှေ့ဆောင်ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွင် ဘဏ်ဝန်ထမ်းများ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိ



ရမည်းသင်း၊ နိုဝင်ဘာ ၂၇

ယမန်နေ့က ရမည်းသင်း မြန်မာ့ရှေ့ဆောင်(MBA)ဘဏ် ဓားပြတိုက်မှုဖြစ်စဉ်တွင် ဘဏ်ဝန်ထမ်းများ ပူးပေါင်းပါဝင်နေကြောင်း သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးအနီးရှိ မြန်မာ့ ရှေ့ဆောင်ဘဏ် (ရမည်းသင်းဘဏ်ခွဲ)သို့ နိုဝင်ဘာ၂၆ ရက် ၁ နာရီ ၂၅ မိနစ်ခန့်က ဆိုင်ကယ် နှစ်စီးဖြင့် လူနှစ်ယောက်ရောက်ရှိလာကာ ဘဏ်အတွင်းသို့ဝင်ရောက်၍ အရပ်ဘက် လုံခြုံရေး ဝန်ထမ်း ဦးဟိန်းမင်းစိုးအား ပလပ်စတစ်ကော်သေနတ်ဖြင့်ထောက်ကာ ခြိမ်းခြောက်ပြီး မြန်မာငွေစက္ကူကျပ်သိန်း(၁၁၀၀)ခန့်အား လုယူသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဘဏ်မှ လုယူသွားသူ တရားခံနှစ်ဦးအား ရမည်းသင်းမြို့ အမှတ်(၃) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ တပ်နယ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အမှုမှ မသင်္ကာသူ မြန်မာ့ရှေ့ဆောင်ဘဏ် ဝန်ထမ်းအချို့အား စစ်ဆေးရာ ရမည်းသင်းမြို့ ဝါတိုးရပ်ကွက်နေ ဖုန်းပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ ကျော်စိုးသိန်းမှာ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ ဖြစ်ကြောင်း၊ ၎င်း၏ထွက်ဆိုချက်အရ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ (ရမည်းသင်း)မှ ငွေကျပ်သိန်း ၁၀၀၀ ကျော်အား လုယူသွားသူများဖြစ်သည့် ရမည်းသင်းမြို့ ပေါက်ကုန်းကျေးရွာနေ ကျော်ခိုင်ဦးနှင့် ညောင်ပင်သာကျေးရွာနေ ဇော်ကြီးတို့နှစ်ဦးအား အသိသက်သေများရှေ့တွင် ရှာဖွေစစ်ဆေးခဲ့ရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိသိမ်းဆည်းခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးအား ဆက်လက်စစ်ဆေးခဲ့ရာ ဝါတိုးရပ်အရှေ့ရပ်ကွက်ရှိ ဒေါ်ကြင်ဌေး နေအိမ်သို့သက်သေများနှင့်အတူ ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်မှ လုယူသွားသည့် ငွေကျပ်သိန်း (၁၀၀,၅၀၀,၀၀၀)ကျပ်အား ဆာလာအိတ်ဖြင့်ထည့်လျက် တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်ခဲ့ကြသည့် ကျော်ကျော်ဦး၊ ဝေဖြိုးလှိုင်၊ သန်းဇော်ကို၊ ကျော်စိုးသိန်း၊ ကျော်ခိုင်ဦး၊ ဇော်ကြီး၊ ဒေါ်ကြင်ဌေးနှင့် မသန္တာဖွေး(ခ)ဖွေးဖွေးတို့အား အမှုဖြင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)