နေပြည်တော်၊ နိုဝင်ဘာ ၂၆
ယနေ့ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် NLD အကြမ်းဖက်သမားများအနေဖြင့် လက်နက်၊ ခဲယမ်းများ ထပ်မံတင်သွင်းရန် စီစဉ်နေပြီး ဖောက်ခွဲတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ရန် စီစဉ်ထားကြောင်း အကြမ်းဖက်သမား မောင်ကျော် (ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ပြည်သူများ လုံခြုံရေးသတိရှိရန် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "ရန်ကုန်မြို့ထဲမှာတော့ ဒီလိုမျိုး ဖမ်းဆီးရမိတဲ့အတွက်ကြောင့် အနည်းငယ် ငြိမ်သက်သွားတဲ့ သဘောမျိုးရှိပါတယ်။ သို့သော် သူကိုယ်တိုင်လည်း ပြောပါတယ်။ ဖြိုးဇေယျာသော်ကိုယ်တိုင်လည်း ပြောပါတယ်။ အခုလို ဖမ်းဆီးရမိလို့ အနည်းငယ် ငြိမ်သက်သွားပေမယ်လို့ လက်နက်တွေကို နည်းလမ်းပေါင်းစုံနဲ့ တင်သွင်းနိုင်ရေး သူတို့ ဆက်လုပ်လာနိုင်တာ ရှိတယ်။ ဆက်လုပ်လာပြီးရင် လက်နက်တွေရလာလို့ရှိရင် သူတို့အနေနဲ့ ကျန်ခဲ့တဲ့သူတွေအနေနဲ့ ပိုပြီး ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ သူလည်း ထွက်ထားတာ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ပြောလိုတာက လုံခြုံရေးနဲ့ပတ်သက်ပြီး မပေါ့ဆကြဖို့ ပြောချင်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း လုံခြုံရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးသတိရှိကြဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။" ဟု ပြောကြားသွားခြင်းဖြစ်သည်။
NLD အကြမ်းဖက်သမား မောင်ကျော် (ခ) ဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိပြီး ၎င်း၏ မှတ်စုစာအုပ်များတွင် ပါရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် မှတ်တမ်းများ၊ ထပ်မံလုပ်ဆောင်ရန် စီစဉ်ထားသည့် အကြမ်းဖက်တိုက်ခိုက်ရေးအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး Signal app မှ ပြည်ပရောက် NLD အကြမ်းဖက်သမားများနှင့် လက်နက်၊ ငွေကြေးကိစ္စများ ဆက်သွယ်ပြောဆိုထားသည့်အချက်အလက်များကို ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိရန် အလေးထား ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment