မတ္တရာ၊ နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူရုံးမှ ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြုလုပ်ပေး လျှက်ရှိရာ ယနေ့ နိုဝင်ဘာလ ၂၆ရက်နေ့တွင်လည်း ထီးတော်မိုးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံမှ ဝန်ထမ်းများက ထီးတော်မိုးကျေးရွာနှင့် လင်းမွေချောင်းကျေးရွာတို့ အသက်၁၆ နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ (၂၆)ဦး အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
မတ္တရာမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် မေလ ၃ရက်နေ့မှစတင်၍ ၁၈လတာ ကာလ အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုးကျော်သူထွေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment