အိမ်မဲမြို့နယ်တွင် ASEAN HEALTH မှ လှူဒါန်းသော Oxygen Concentrator နှင့် Oxygen Cylinder များ လှူဒါန်းပေးအပ်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ASEAN HEALTH မှ လှူဒါန်းသော Oxygen Concentrator နှင့် Oxygen Cylinder များ လှူဒါန်းပေးအပ်ပွဲပြုလုပ်


အိမ်မဲ၊ နိုဝင်ဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ASEAN HEALTH မှ လှူဒါန်းသော Oxygen Concentrator နှင့် Oxygen Cylinder များ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည် (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမန်းကြည်ရွှင်က ASEAN HEALTH မှ လှူဒါန်းသော Oxygen Concentrator နှင့် Oxygen Cylinder များကို လာရောက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးဦးခိုင်ထွန်းဇော်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးကျော်အောင်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ASEAN HEALTH မှ လှူဒါန်းသော Oxygen Concentrator နှင့် Oxygen Cylinder များကို ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကြည်ရွှင်ကပေးအပ်ခဲ့ရာ Oxygen Concentrator များအား မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ (၂)လုံး၊ ရွာသစ်တိုက်နယ် ဆေးရုံသို့ (၁) လုံး၊ မြို့နယ်ကြက်ခြေနီအသင်းသို့ (၂)လုံး စုစုပေါင်း (၅)လုံး (တန်ဖိုး ၄၅သိန်း) နှင့် မြိုနယ်ကြက်ခြေနီအသင်းသို့ Oxygen Cylinder (15 L) အိုး (၄)လုံးနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအတွက် အသုံးအဆောင်ပစ္စည်းများ (တန်ဖိုး (၁၀) သိန်း) တို့အား လှူဒါန်း ပေးအပ်ခဲ့ရာ တာဝန်ရှိသူများလက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - ချစ်သက်လယ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)