မဟာ‌ အောင်မြေမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာ‌ အောင်မြေမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ




မဟာအောင်မြေ၊ နိုဝင်ဘာ  ၂၆

မန္တလေးခရိုင်၊  မဟာ‌အောင်မြေမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sionpharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက စုရပ်များအလိုက်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးမီ စာရင်း ပေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးထဲ အောက်ဆီဂျင်ပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ပုံမှန်အခြေအနေဖြစ်မှသာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံ‌ပေးလျက်ရှိပါသည်။မဟာအောင်မြေမြို့နယ် အနေဖြင့် ဆေးထိုး စုရပ်(၅)နေရာသတ်မှတ်ပြီး ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါဆေးထိုးစုရပ်များသို့ မြို့နယ် စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့်အဖွဲ့ဝင်တို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအဖွဲ့ဝင်များနှင့်ရပ်ကွက်တာဝန်ရှိ သူတို့ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

သတင်း - ဒေါ်ခင်နှင်းဆီ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)