နောင်ချိုမြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ပိုးတွေ့မှုနှုန်းသိသာစွာ ကျဆင်းလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ပိုးတွေ့မှုနှုန်းသိသာစွာ ကျဆင်းလျက်ရှိ


နောင်ချို၊ နိုဝင်ဘာ  ၂၆  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကွင်း ဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီ အစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပိုးတွေ့မှုနှုန်း သိသာစွာ ကျဆင်းလျက်ရှိကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်   အရေးပေါ် တုံ့ပြန်ရေကော်မတီမှ သိ ရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ ရေးဌာန၊ဌာနဆိုင်များ၊ ပရဟိအဖွဲ့များပါဝင်သောအဖွဲ့များက နောင်ချိုမြို့နယ် နားရှိုးရပ်ကွက်နှင့် အင်းဖိုအုပ်စု တို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်းလူဦးရေ(၁၈၉)ဦးကို RDT Tes tkit ဖြင့်စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၆)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးရှိ ကြောင်း စိစစ်တွေ့ရှိ ခဲ့ရာ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ( ၃.၁၇) ရာခိုင်နှုန်း ရှိကြောင်း  ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါရောဂါပိုးတွေ့ရှိသူ(၆)ဦးအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ထားရှိ၍ ကြပ်မတ်ကုသ ဆောင်ရွက်လျက်ရှိကြောင်းနှင့်ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်ရန်ရည်ရွယ်၍  ကွင်းဆင်း စစ်ဆေးမှုများ၊ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ယခုရက်ပိုင်းအတွင်း ပိုးတွေ့မှုနှုန်း သိသာစွာ ကျဆင်းလျက်ရှိကြောင်း မြို့နယ်ကို ဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

သတင်း - ထွေးငယ်၊(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)